တစ်ခါတစ်လေ
မွန်းကျပ်မှုများစွာကို

အဝေးရောက်သွားအောင်
လုပ်ပေးနိုင်တာက

သူတစ်ပါးကို အနှောင့်အယှက်
မပေးတိုးတက်စေရေး

မိမိကိုယ်တိုင်လည်းပျော်ရွှင်စေ တိုးတက်စေမဲ့
အရာလေးတွေ လုပ်နေရတာပါဘဲ။


Saturday 6 April 2013

Windows နှစ်ခုတင်ထားတဲ့စက်တွေမှာ တစ်ခုကိုဘယ်လို ဖြုတ်မလဲ



18 Aug 12, 07:39 AM
tanyawzinaungaung@gmail.: window7 ပဲ ၂ ခုကြီးဖြစ်နေလို.....၁ ခုကို ထုတ်ပြစ်ချင်ပါတယ်....ဘယ်လို လုပ်၇မလဲ...edit လုပ်တဲ.နေရာ ရှာမတွေ.လို.ပါ......ကျေးဇူးပြုပီး ဖြေကြားပေးပါနော်
ဒီလိုမေးထားတာ ဒါပါနဲ့ဆို သုံးယောက်လောက် ရှိပြီထင်ပါတယ်.. အရင်မေးခဲ့တဲ့သူတွေတုန်းက ပြန်မဖြေဖြစ်ခဲ့ဘူး.. ဘာလို့လဲဆိုတော့ လုပ်စရာတွေများနေလို့ ဒီနည်းကို မစမ်းသပ်ရသေးပဲ ရမ်းသမ်းပြီး မပြောရဲလို့ပါ..။ ဒီနေ့တော့ ကိုယ်တိုင်စမ်းသပ်ပြီးမှ အဆင်ပြေလို့.. (ဒီနေ့တော့ ကျနော့်စက်မှာ ဖြုတ်လိုက်တဲ့ ဝင်းဒိုးကို အသစ်ပြန်တင်ရတော့မှာပါ..) ဒီလုပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်.. Windows7 နှစ်ခုပဲ ဖြစ်ဖြစ်၊ သုံးခုပဲဖြစ်ဖြစ် ဒီနည်းနဲ့ ဖြုတ်ပစ်လို့ ရပါတယ်..။ ကျနော့်စက်မှာ Windows8 နဲ့ဆို ဝင်းဒိုးသုံးခု တင်ထားတာပါ..။ အခု ဝင်းဒိုးတစ်ခုပဲ ရှိပါတော့တယ်..။ ဒီနည်းနဲ့ မလုပ်ခင် ကျနော် ဝင်းဒိုးဖွင့်ထားရင်းနဲ့ အထဲက ဝင်းဒိုးရဲ့ Drivers တွေရှိတဲ့နေရာ၊ Partition ခွဲတဲ့ နေရာကနေ ဝင်ပြီး Format ချကြည့်ပါသေးတယ်..။ အဆင်မပြေပါ.. နောက်ထပ်လုပ်လို့ ရမယ်ထင်တဲ့ နေရာတွေကနေ လျှောက်စမ်းကြည့်သေးတယ်..။ မရပါဘူး..။ အခုဒီနည်းကို ကျနော်စဉ်းစားရင်းနဲ့မှ စမ်းသပ်ပြီး အောင်မြင်လို့ ပိုစ့်အဖြစ် ပြန်လည်တင်ပေးလိုက်ပါတယ်..။ မနေ့က Cbox မှာ ရေးခဲ့တဲ့အစ်ကိုနဲ့ တခြား ဒီလိုလုပ်ချင်နေတဲ့ သူများအတွက် အမြန်ဆုံး အဆင်ပြေအောင် ဒီပိုစ့်ကို ဒီနေ့ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကမခက်ပါဘူး.. ဒါပေမယ့် Windows7 ပဲဖြစ်ဖြစ်၊ Windows Vista ပဲဖြစ်ဖြစ်၊ XP ပဲဖြစ်ဖြစ် ဝင်းဒိုးခွေတခွေရှိဖို့ လိုအပ်ပါတယ်..။ အခွေမဟုတ်ရင်လည်း Boot တက်တဲ့ ဝင်းဒိုးခွေ ထည့်ထားတဲ့ USB တချောင်း လိုအပ်ပါတယ်..။ ဒါမှ ဒီနည်းကို အသုံးပြုလို့ ရမှာပါ..။ ဘာလို့လဲဆိုတော့ ဝင်ဒိုးတင်တဲ့ အတိုင်း သွားပြီး Hard Disk ကိုအပိုင်း ခွဲတဲ့နေရာ၊ Format ချတဲ့ နေရာကို ရောက်မှ မိမိတို့ဖျက်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်းကို ဖျက်ပစ်မှာပါ.. Windows တင်ဖူးတဲ့သူများကတော့ ဒီလောက်ပြောရင်ကိုပဲ လုပ်တတ်နေလောက်ပါပြီ..။ ဝင်းဒိုးမတင်ဖူးသေးတဲ့ သူများနဲ့ တခြားမလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ပြထားပေးပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာဆက်ကြည့်ပေးပါ..။
အရင်ဆုံး မိမိတို့ ကွန်ပျူတာကို ဖွင့်ပါ.. ပြီးရင် မိမိတို့ ဖျက်ပစ်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်း (C:)(D:)(E:)(F:) တွေရဲ့ GB ကိုအရင်မှတ်ထားပါ..။ ဘယ် Drive က ဘယ်လောက် GB ရှိလဲဆိုတာ 50 GB, 60 GB စသဖြင့် အရင်မှတ်ထားပါ..။ မိမိတို့ ဖျက်ပစ်ချင်တဲ့ ဝင်းဒိုးတင်ထားတဲ့ အပိုင်းကို အဓိက မှတ်သားထားပါ..။ ပြီးရင် ဝင်းဒိုးခွေ ထည့်ပါ..။ ဒါမှမဟုတ် ဝင်းဒိုးထည့်ထားတဲ့ Boot တက်တဲ့ USB ကို USB ပေါက်မှာ တပ်ပါ..။ ပြီးရင် စက်ကို Restart ချပေးပြီး မိမိတို့ စက်ရဲ့ Boot မီနူးထဲကို ဝင်တဲ့ ကီးဘုတ်မှ F2, F12, Del မိမိတို့စက်ပေါ်လာတဲ့ စာသားအတိုင်း နှိပ်ပြီး ဝင်သွားလိုက်ပါ..။ အဲထဲမှာ ဝင်းဒိုးခွေအတွက်ဆို CD/DVD ကို ရွေးပါ.. USB နဲ့ဆို USB ဆိုတဲ့ စာသားကို ရွေးပေးပြီး F10 >> Enter ခေါက်ပြီး ဝင်းဒိုးခွေထဲကို ဝင်သွားလိုက်ပါ..။ အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. ပေါ်လာတဲ့ ဘောက်စ်လေးတွေမှာ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့်နှိပ်သွားလိုက်ပါ..။






ဒီနေရာမှာ အပေါ်က ပုံအတိုင်း Drive Option (advanced) နေရာကို တချက်ကလစ်လိုက်ရင် အောက်ကပုံမျိုး ပေါ်လာပါလိမ့်မယ်..။ အဲဒီမှာ မိမိတို့ ဖျက်ပစ်ချင်တဲ့ Partition အပိုင်းကို တချက်ကလစ်ပါ.. အပေါ်ပိုင်းမှာ ပြောခဲ့သလို ကွန်ပျူတာကို ဖွင့်ပြီး မိမိတို့ ဖျက်ပစ်ချင်တဲ့ Drive တွေကို မှတ်ခိုင်းထားတာ ဒီနေရာမှာ လိုအပ်လာလို့ပါ..။ တကယ်ဆို အောက်ကပုံမျိုး Windows7 ဆိုတဲ့ စာသားမျိုး မပေါ်ပါဘူး.. Partition 1, 2, 3 အဲလိုမျိုးပဲ ပေါ်မှာပါ..။ ဒါကြောင့် မိမိတို့ ဖျက်ပစ်ချင်တဲ့ အပိုင်းက ဘယ်နှ GB ရှိလဲဆိုတာ မှန်အောင်ရွေးပြီး အောက်ကပုံမှာပြထားတဲ့ အတိုင်း Format ကိုနှိပ်ပါ..။ မိမိတို့ ဖျက်ပစ်ချင်တဲ့ အပိုင်းကို တချက်ကလစ်ပြီးမှ Format ကိုကလစ်ပါ..။ အဲလို Format ကိုကလစ်လိုက်ရင် နောက်ထပ် Yes နှိပ်ရမယ့် ဘောက်စ်လေး ထပ်ပေါ်လာပါလိမ့်မယ်.. Yes ပေးလိုက်ပါ..။ ခဏနေရင် မိမိတို့ ဖျက်ပစ်လိုက်တဲ့ Partition ဟာ ပျက်သွားပြီဖြစ်တဲ့ အတွက် Total Size နဲ့ Free Space မှာပေါ်နေတဲ့ GB (ဂစ်)တွေဟာ အတူတူ ဖြစ်နေပါလိမ့်မယ်..။ ဒါဆိုရင် ညာဘက်အပေါ်ထောင့်က ကြတ်ခြေခတ်ကို ကလစ်ပြီး အဆင့်ဆင့် နောက်ပြန်ဆုတ်ပြီး စက်ကို Restart ချလိုက်ပါ..။ ဒါပေမယ့် မပြီးသေးပါဘူး.. အောက်ကပုံတွေမှာ ဆက်ကြည့်လိုက်ပါ.. (USB နဲ့လုပ်တာဆိုရင် USB ကို ဆွဲဖြုတ်လိုက်ပါ..။ စက်ပြန်တက်လာရင် USB ထဲကို ပြန်ဝင်သွားမှာမို့လို့ USB ကို အရင် ဆွဲဖြုတ်ခိုင်းတာပါ..။ အခွေနဲ့ဆို အခွေကို အရင်ထုတ်ပါ..)


 စက်ကို Restart ချလိုက်လို့ ဝင်းဒိုးပြန်တက်လာရင် အောက်ကပုံမျိုးပေါ်နေအုန်းမှာပါ..။ ဝင်းဒိုး၂ခု ရှိခဲ့ရင် နှစ်ခုပေါ်နေမှာပါ.. ၃ခုရှိခဲ့ရင် သုံးခု ပေါ်နေအုန်းမှာပါ.. ဒါပေမယ့် အပေါ်ကအတိုင်း ဖျက်ထားပြီးရင်တော့ အဲဒီ ဖျက်ပြီးသား ဝင်းဒိုးကို ပြန်ဝင်လို့ မရတော့ပါဘူး.. အဲတော့ ကျနော်တို့က ဒီအောက်ကပုံမျိုး ပေါ်နေလို့ စိတ်ညစ်နေရမှာလား.. မညစ်စေရပါဘူး.. အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်..။ ကျနော်ကိုယ်တိုင် ဝင်းဒိုးတခု အပျက်ခံပြီး စမ်းထားတာပါ..။ လုံးဝသေချာပါတယ်..။ 


ကျန်တဲ့ဝင်းဒိုးကနေ ဝင်သွားလိုက်ရင်.. Computer မှာ ၂ချက်တောက်ဖွင့်လိုက် အောက်ကပုံမျိုး ကျနော့်စက်မှာ ဝင်းဒိုးအပိုတင်ထားတဲ့ အပိုင်း (D:) မှာ ဘာမှမရှိတော့တဲ့ Drive အလွတ် တခုကို တွေ့ရမှာပါ..။ ဒါပေမယ့် အပေါ်ကပုံမျိုး ကတော့ စက်ကို Restart ချကြည့်လိုက်ရင် ပေါ်နေအုန်းမှာပါ..။ အဲလိုမပေါ်အောင် အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..


အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့စက်ရဲ့ ကီးဘုတ်မှ Windows Logo + R ကိုတွဲနှိပ်ပြီး Run ဘောက်စ်ကို ဖွင့်လိုက်ပါ.. ပေါ်လာတဲ့ Run Box ထဲမှာ msconfig လို့ ရိုက်ထည့်လိုက်ပါ.. ပြီးရင် OK ပေးလိုက်ပါ..



အောက်ကပုံလေးအတိုင်း ပေါ်လာတဲ့ System Configuration ဘောက်စ်ထဲမှာ Boot နေရာကနေ အဆင့်ဆင့်လုပ်ပေးလိုက်ပါ..။ ဒီနေရာမှာ တခုသတိပြုရမှာက မိမိတို့ ဖျက်ပစ်လိုက်တဲ့ ဝင်းဒိုးရှိခဲ့တဲ့ အပိုင်း.. အခုဒီဝင်းဒိုးက Computer မှာ ဖွင့်ကြည့်လိုက်ရင် (မိမိတို့ ဖျက်ခဲ့တဲ့ ဝင်းဒိုးရှိခဲ့တဲ့အပိုင်း) ပေါ်နေတဲ့ အပိုင်းဟာ D: လား E: လား စသဖြင့် သေချာကြည့်ပြီးမှ ကလစ်ပါ.. Delete နှိပ်..။ အောက်ပုံမှာမြင်နေရသလို (C:/windows) စာသားကို လုံးဝမနှိပ်မိပါစေနဲ့..။ ဘာလို့လဲဆိုတော့ လက်ရှိဝင်းဒိုးဖွင့်ထားတဲ့ အပိုင်းက (C:/windows) ဖြစ်နေလို့ပါ..။ အဲဒီ C: ကို Delete ပေးမိလို့ ဝင်းဒိုးတက်မလာတော့ရင်တော့ ကိုယ့်အပစ်နဲ့ကိုယ်ပဲ.. ကျနော်စိုးရိမ်လို့ သတိပေးထားတာပါ..။  အားလုံးပြီးရင်တော့ နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်လေးထဲမှာ Restart ကို ကလစ်ပေးလိုက်ပါ..။



Restart ပေးပြီးလို့ စက်ပြန်ပွင့်လာတဲ့ အခါမှာ Windows ၂ခု ရွေးခိုင်းတဲ့ စာသားမျိုး မပေါ်တော့ပါဘူး..။ ဒါဆိုရင် OK ပါပြီ.. Run ကနေ Boot မှာ ပြန်ဝင်ကြည့်လိုက်ရင်လည်း အောက်ကပုံမျိုး ဝင်းဒိုးတစ်ခုပဲ မြင်ရပါလိမ့်မယ်..။ ဒီပိုစ့်က ဒီမှာတင် ပြီးသွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..



1 comment:

  1. Thanks for the always useful information. This is great information to help garage type SEO people like me.FonePaw iPhone Data Recovery 3.8.0

    ReplyDelete