စာတွေကို ငယ်တုန်းကထဲက ဖတ်ထားတာ အကောင်းဆုံးဘဲ
ဒါမှလည်း အတွေးကောင်းလာ ၊ စဉ်းစားတတ်လာ ၊ လိမ်မာရေးခြားရှိလာ ၊ မေတာ ကရုဏာ ထားတတ်လာ စာနားသနားတတ်လာ ၊ မိမိကိုယ်ကို နဲ့ သူတစ်ပါးအပေါ် နားလည်လာတတ်လေပေါ့
ငယ်တုန်းကတည်းက ဆိုတော့ ကြီးတော့ဖတ်ရမဲ့ အချိန်ထက် လက်တွေ့ လုပ်ကိုင်တတ်ဖို့ နဲ့ ပတ်ဝန်းကျင်
နဲ့ အမြဲမပြတ်ထိတွေ့ဆက်ဆံဖို့က ပိုအရေးကြီးလာပြီလေ...
ငယ်တုန်းမှာ ပညာကို ရနိုင်သလောက် နဲ့ တတ်နိုင်သလောက် ရှာထားဖို့ အသိတရားရှိဖို့
က ဒီနေ့ခေတ်မှာ လွယ်သလောက် ခက်နေပါတယ်.
ဆိုလိုတာက ပညာပေးနိုင်မဲ့ educational sources တွေက နေရာတိုင်းမှာ များသလောက်
ဒါတွေကို ရယူလိုချင်တဲ့ စိတ်အသိ နဲ့ လက်ရှိ တတ်မြောက်ထားတဲ့ ပညာရပ်တို့က
အတွေးအခေါ်နဲ လူငယ်တစ်ချို့မှာ မလုံလောက်သေးလို့ဘဲ ဖြစ်လို့နေပါတယ်...
မိမိကိုယ်ကို နေ့စဉ် တွေးကြည့်ပါ ...
ဘယ်လောက်သူများအပေါ် ကောင်းတာတွေ လုပ်ပေးဖူးပြီး မိမိကော တိုးတက်မှုရှိနေပြီလားဆိုတာ...
နေ့စဉ် အညစ်အကြေးတွေကပ်နေတဲ့ စိတ် အပေါ်မှာ ဘယ်လောက်အထိ ဖယ်ရှားသုတ်သင်နိုင်
သလဲဆိုတာပေါ့
စဉ်းစားကြည့်တော့ ဒါတွေကို ဖယ်ရှားသုတ်သင် နိုင်ဖို့ဆိုတာ မှန်ကန်တဲ့ အတွေးအခေါ် နဲ့
ယနေ့ ခေတ်မှာ တတ်မြောက်သင့်တဲ့ ပညာရပ်တွေကို သိနားလည်ပြီး လုပ်ကိုင်နေမှသာ
(fresh forever in need-to-do everything )
ဘယ်လို အညစ်အကြေးမှ တွယ်ကပ်လို့ ရမယ်မထင်လို့ပါ။
ဒါကြောင့် ငယ်စဉ် စာဖတ် ၊ အရွယ်ရောက်လျှင် ထက်မြက် ၊
ကျွမ်းကျင်လုပ်ကိုင် စီးပွားရှာနိုင်အာင် ယခုနဲ့ နေ့စဉ်မပြတ် တိုးတက်အောင် ကြိုးစားကြစေလိုပါတယ်...်

No comments:
Post a Comment